Wednesday, January 28, 2009

သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၁) အင်တာနက်မဂ္ဂဇင်း



ပညာရေးအသားပေးကဏ္ဍများပါဝင်သည့် သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ(၃)အမှတ်(၁) ထွက်ရှိလာပါပြီ။ သံလွင်အိပ်မက်မှာပါတဲ့ မိုးခေါင်လွင်ပြင်၌ပျိုးသောပန်းခင်း ဝတ္ထုတိုလေးကိုဖတ်ဖို့ဖိတ်ခေါ်ပါရစေ။



6 comments:

MANORHARY said...

စာအရေးကောင်းသလိုအတွေးလေးလည်းကောင်းတယ်။
ရင်ထဲမောကျန်ခဲ့ရတယ်။ဘ၀တွေ...ဘ၀တွေ....။

ကိုအောင် said...

အမရေ တမိသားစုလုံး နေကောင်းကြလား။ အမ အရေးအသားတွေက ကောင်းတယ်ဗျာ။ အားပေးလျက်။

အိမ်လွမ်းသူ said...

ဖတ်ပြီး ရင်ထဲမှာမကောင်းဘူး..။ ဒီလိုဘဝမျိုးတွေကို မြင်တွေ့နေခဲ့ရပေမဲ့ အခုလိုဖတ်ရတော့ ပိုခံစားရတယ်..

ဆောင်းယွန်းလ said...

ညီမလေး..အတွေးရောအရေးရောအရမ်းကောင်းတယ်.
ဒီဝတ္ထုလေးကို အကိုစဖတ်ကတည်းကကြေကွဲရတာ
အဆုံးအထိဘဲ..မခံစားနိုင်ဘူး..မျက်စိထဲမှာငတ်အားကြီး
လို့အမှိုက်ပုံကစားကြွင်းစားကျန်တွေကိုလိုက်ကောက်စား
နေရတဲ့ကလေးတွေရဲ့ပုံရိပ်တွေကိုမြင်နေရတော့ဝမ်းနည်းရသလို.အသုံးမကျတဲ့စစ်အုပ်စုကိုလည်းနူံ့နူံ့စင်းပစ်ချင်
နေမိတယ်....

April said...

အရမ်းကောင်းပါတယ်.. ရင်လည်းမောသွားတယ်..း)

မိုးနေ

Anonymous said...

ညီမရေ တင်ပြထားပုံလေးနဲ့ အရေးအသားတွေက ကောင်းလွန်းလှတယ်၊ ဖတ်ပြီး မျက်ရည်ဝဲမိတယ်၊ မိဘတွေရဲ့မပြေလည်မူတွေကြောင့် ကလေးတွေလည်း လမ်းဘေးရောက် တောင်းစားကြရ၊ မိမဲ့ဘမဲ့ ဘ၀တွေ ကြောင့်လည်း လမ်းပေါ်ကို ရောက်ကြရ ရှာတယ်၊ တကယ်တော့ သူတို့လေးတွေဟာ အများကလေးတွေလို ကျောင်းစာသင်ခန်းထဲမှာ ပျော်ငွေ့ချင်ကြရှာသူလေးတွေပါ၊ စနစ်ဆိုးခေတ်ဆိုး အောက်မှာမှ လူဖြစ်လာခဲ့ရတဲ့ အပြစ်မယ့်တဲ့ ကလေးငယ်လေးတွေရဲ့ ဘ၀အနာဂတ်လေးတွေအတွက် မျှော်လင့်ချက်ရောင်ခြည်လေးတွေသာရှိခဲ့ရင် ...... အင်း ....ရင်မောပြီး ၀မ်းနည်းမိတယ်။