Tuesday, November 4, 2008

ရှင်သန်ခြင်း အဓိပ္ပါယ်

ညီမလေးရေ…
မြင်ကွင်းတွေ၊ အရိပ်တွေနဲ့
ငါတို့မှာ အတိတ်တွေရှိခဲ့တယ်
ရုန်းကန်ခြင်းဆိုတာ
လွယ်လွယ်ပေါ့ပေါ့ ပြောနိုင်သလောက်
လက်တွေ့တော့ ခက်တယ်။

ညီမလေးရေ…
ခက်ခဲမှုဟာ
တွေ့ပါများ ယဉ်ပါးတော့လည်း
လေ့ကျင့်ကွင်း တခုဖြစ်
ငါတို့လည်း ဘဝကိုစိန်ခေါ်တတ်လာတယ်။

ညီမလေးရေ…
တကယ်တော့
ဘဝဟာ ဒီလောက်နဲ့မပြီးသေးဘူးဟ
ရုန်းစဲ ရုန်းမြဲ
ဖြစ်တည်နေစဲ။

ညီမလေးရေ…
အလျော့တော့မပေးနဲ့ဟေ့
လာခဲ့ပြီးမှတော့
ငါးမရလည်း ရေချိုးပြန်နိုင်အောင်ကြိုးစား။

ညီမလေးရေ…
ယူသွားနိုင်မဲ့ အရာတွေကို
အရယူတတ်ပစေ
ဖျောက်ဖျက်လို့ရတာတွေတော့
ဖျက်စီးပစ်ခဲ့။

ကျေးဇူးတရားအကြောင်း
များများပြောနေမဲ့အစား
မေတ္တာ များများပွား။

ကိုယ့်အတွက် သစ်ပင်စိုက်ဖို့ထက်
စာနာမှု သစ်သီးကိုမျှဝေ
ရှင်သန်မှုကိုတန်ဖိုးထားတတ်ပစေပေါ့။ ။


စိုးသင့်ဆွေ
နိုဝင်ဘာလ ၄ ရက်၊ ၂၀၀၈
နံနက် ၁၁း၅၀


4 comments:

ငှက်ငယ်လေး said...

"ရှင်သန်ခြင်း အဓိပ္ပါယ်" ကို သိပီဆို တော အဓိပ္ပါယ် ရှိအောင် ရှင် သန်ရတော့မှာပေါ့နော်

ဇင်ယော် said...

အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းကို ကဗျာလေးနဲ့  ဝေမျှထားတာ အင်မတန် ဖတ်လို့ ကောင်းပါတယ်ဗျာ။ မောင်လေးတွေ အတွက်လည်း ရေးပေးပါဦး။

တက်လူငယ် said...

ကိုယ့်အတွက် သစ်ပင်စိုက်ဖို့ထက်
စာနာမှု သစ်သီးကိုမျှဝေ
ရှင်သန်မှုကိုတန်ဖိုးထားတတ်ပစေပေါ့။ ။

တတ်နိုင်သမျှ ငါတကော ကောခြင်း ဆိုတာကို ဖျောက်သွားရမယ်။
ဘဝမှာ ခက်ခဲကြမ်းတမ်းမှုတွေ ကြုံပါများတော့လည်း လေ့ကျင့်ကွင်းတစ်ခုလိုဖြစ်နေခဲ့ပြီဗျာ။ မှန်တယ်။ ကဗျာတစ်ပုဒ်လုံး အဓိပ္ပါယ်တွေများစွာ ပါဝင်တယ်။

April said...

အဓိပ္ပါယ်ရှိရှိ ရှင်သန်နိုင်အောင် ကြိုးစားရဦးမယ်။ ငါစွဲလေးတွေကို တတ်နိုင်သလောက်လျှော့ပြီး သူများအတွက် ကြည့်နိုင်အောင် ကြိုးစားရဦးမယ်။ ကဗျာလေး အရမ်းကောင်းတယ်။

ပျော်ရွှင်ပါစေ
မိုးနေ