Monday, December 8, 2008

မုန်းရခြင်း ၁၀ချက်

အကိုဆောင်းယွန်း နဲ့ ညီမ Mirror က တပြိုင်နက် တက်ဂ် ထားလို့ ရေးချလိုက်တာ မြန်မှမြန်ပဲ။ ဘာလို့ဆိုတော့ ကိုယ့်ကို ကိုယ် အမြဲ ဘာလိုလို့လိုမှန်း မသိတာတွေ ကို အမြဲတွေးဖြစ်နေတဲ့ သူဆိုတော့။ ဖတ်ကြည့်ပါဦး။

၁- အားနာတတ်တာ
အားနာတတ်လွန်းတော့၊ ကိုယ့်ကို နင်ပဲငဆ ပြောလာတဲ့သူကို လက်တုန့်ပြန်လိုက်ရမှာတောင် အားနာနေတာ။

၂- လက်လွယ်တာ
လက်ထဲမှာ ငွေရှိလို့ကတော့ သနားအောင်ပြောတတ်တဲ့သူတွေကိုရော၊ မပြောတတ်တဲ့သူတွေကိုရော ရှိတာတွေကုန်အောင်ကို ကူညီတတ်တာ။

၃- စိတ်ဝင်စားတာတွေပဲလုပ်ချင်တာ
ကျောင်းစာကလွဲလို့ အားလုံးစိတ်ဝင်စားနေတော့ တခါတခါ တိုးတက်သင့်သလောက် မတိုးတက်ဘူး။

၎- စိတ်ဝင်စားလို့ကတော့ ထမင်းမစား မအိပ်မနေ တစိုက်မတ်မတ်လုပ်တာ
ခုတလော ဘလော့ကိုက်နေလို့ အအိပ်အနေနည်းတော့ ခေါင်းကိုက်ရောဂါပြန်ဝင်လာပြန်ပြီ။

၅- လုပ်နေရင်းတန်းလန်းနဲ့ လုံးဝပြန်မကြည့်ချင်တော့ရင် လှည့်ကို မကြည့်တာ
သိပ်စိတ်ဝင်စားပါတယ်ဆိုပေမဲ့ လုပ်နေရင်းဗြုန်းဆိုရပ်ချင်ရပ်ပစ်လိုက်တာမျိုး။ (စာရေး၊ စာဖတ်ခြင်းမပါ)

၆- သူငယ်ချင်းတွေ ကို သိပ်ချစ်တာ (သူတို့ အနိုင်ကျင့်တာမှန်သမျှ ခံနေရတဲ့ ဘဝ)
သူငယ်ချင်းတွေဆိုလို့ကတော့ ယုံလွယ်၊ လက်လွယ်၊ စုပုံချစ်။ တယောက်ယောက်နဲ့ မခေါ်မပြောဖြစ်ပြီ ဆိုလည်း တသသနဲ့ နမြော မဆုံးတော့။ (ခင်မင်ခဲ့တာတွေ)

၇- စကားမပြောချင်တော့တဲ့သူဆို ဟန်ဆောင်ပြီးတောင် မပြုံးတတ်တော့
မမုန်းတတ်ပါ။ ဒါပေမဲ့ စကားမပြောချင်တော့ဘူးဆိုရင် ဟန်ဆောင်ပြုံးခြင်းဆိုတာ အဘိဓာန်မှာ မရှိစေရ။

၈-ကိုယ့်ကိုကိုယ် ငါလို့ဘယ်တော့မှ မထင်တာ
ငါတော်တယ်၊ ငါတတ်တယ်၊ ငါလုပ်တာကောင်းတယ်လို့ ဘယ်တုန်းကမှ မထင်မိ။ ငါလိုတယ်၊ လိုသေးတယ် လို့ထင်လွန်းပြီး လူတွေကို အောက်ကဝင်လွန်းတော့။ ခဏခဏ လူအထင်သေးခံရပြီး စော်ကား သွားကြသေး။

၉- အတ္တနည်းတာ
ပိုက်ဆံတွေ အများကြီးရှာမယ်၊ တိုက်ကြီးနဲ့ နေမယ်၊ ကားကောင်းကြီးစီးမယ်ဆိုတာတွေ တခါတလေမှပဲ စဉ်းစားဖြစ်တယ်။ ကိုယ့်အတွက် အတ္တနည်းလွန်းတော့လည်း မတိုးတက်။

၁၀- ချစ်တတ်တာ
ချစ်ခြင်းမေတ္တာကို တန်ဖိုးထားလွန်းတော့ ခဏခဏ လူလိမ်ခံရတယ်။

အကိုဆောင်းယွန်း နဲ့ ညီမ Mirror ကျေနပ်မယ်ထင်ပါတယ်နော်။



8 comments:

ကိုအောင် said...

အားနားတတ်ပြီး အတ္တနည်းရင် အမဆီက
ပိုက်ဆံ လာချေးမယ်။

ယောနသံစင်ရော် said...

ကိုအောင် ပိုက်ဆံလား အတ္တနည်းပါတယ်ဆိုမှတော့ ပိုက်ဆံလည်း မရှိဘူးပေါ့။

ဆောင်းယွန်းလ said...

အမြန်ဆုံးပြန်ရေးပေးတဲ့အတွက်ကျေးဇူးပါညီမရေ..
နံပတ်၈နဲ့နံပတ်၉အချက်ကတော့အကိုနဲ့ကွက်တိကိုတူတာပါဘဲလား....
အဲဒီအချက်တွေကိုထည့်ရေးခဲ့ချင်ပေမယ့်မရေးဖြစ်ခဲ့ပါ
ဘူး.
တခါတလေအတ္တများများထားနိုင်အောင်ကြိုးစားကြည့်
ကြရမယ်ညီမရေ...
ခင်မင်လျက်....

Mirror said...

အရင်ဆုံးပြောချင်တာက ကျေးဇူးတင်ကြောင်းပါ..။
ဒုတိယပြောချင်တာက ညီမတို့ဒါကြောင့်ပဲ စိတ်ထဲကနေကြိတ်ပြီး ရင်းနှီးနေကြတာလို့ ထင်ကြောင်းပါ..။
ဘာလဲဆိုတော့ တော်တော်များများအကျင့်လေးတွေက တူနေကြတယ်လေ..။ထည့်မရေးဖြစ်ကြတာသာရှိတာ.။

လေးစားခင်မင်လျက်
ညီမ
mirror

Nyein Chan Aung said...

၁၀- ချစ်တတ်တာ
ချစ်ခြင်းမေတ္တာကို တန်ဖိုးထားလွန်းတော့ ခဏခဏ လူလိမ်ခံရတယ်။

လိမ်လည်မူမှာ ကြောက်စရာအကောင်းဆုံး အချစ်လူလိမ်တွေနဲ့တွေ့နေတယ်ထင်ပ။ အမြန်ဆုံးကံကောင်းလာပါစေ။

P.Ti said...

မမယော ပိုက်ဆံ နည်းနည်းချေးပါဦး... ဟိဟိ

ဟုတ်ပါ့ ငါ့အမကတော့ ဖြစ်ရမယ်..
သဘောကောင်း မနောကောင်း ရုပ်ချော သဘောဖြူ နောက်ပြီး ဘာကျန်သေးလဲ...

ကဲ မုန့်ကျွေးတော့.. :P

ယောနသံစင်ရော် said...

"အကိုဆောင်းယွန်း ၊ ညီမ Mirror ကျေနပ်ကြတယ်ဆိုလို့ ဝမ်းသာပါတယ်။ " "ကိုငြိမ်းချမ်းအောင် .. ချစ်ခြင်းမေတ္တာ ဆိုတဲ့ နေရာမှာ မောင်ချစ်နှမချစ်သူငယ်ချင်းချစ် က အစ.. ခွေးလေးကြောင်လေးတွေကို ပါချစ်တတ်တော့ခက်နေတာပေါ့.။" "ကိုကိုပီတိ ပိုက်ဆံလား ဘယ်လောက်လိုလို့လဲ မောင်နှမတွေဆိုပိုလို့တောင် ချေးရမှာပေါ့။ မုန့်လား စင်ကာပူလာတော့မှ ကျွေးမယ် ခုတော့ အကြွေးမှတ်ထားနော်။"

Unknown said...

မယောနသံ ကိုယ့်ကိုယ်ကို သုံးသပ်ထားတာ မြင်မှ ကျွန်တော်လဲ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့ သတိရတော့တယ်....ဟီ...ဟိ.....